Friday, September 18, 2015
2:05 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆိပ်ဖြူ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အနောက်ကံတွင်းကျေးရွာတွင် စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ရက်နေ့များတွင် မြို့နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းကို မြို့နယ်ဆရာ ၀န်ကြီး ဒေါက်တာကျော်ကျော် ဦးဆောင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဌာနမှ ကျန်းမာရေးမှူး ဦးသိန်းနိုင်ကြီးကြပ်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်း များနှင့် ကျေးရွာမှတာဝန်ရှိသူများ ကပူးပေါင်းကာ ဖုန်း၊သွန်၊လဲ၊စစ် လုပ်ငန်းများ ခြင်ဆေးဖျန်းခြင်း လုပ်ငန်း များဆောင်ရွက်ပေးခဲ့ကြောင်း သည်။
ဆိုပါကျေးရွာတွင် အိမ်ထောင်စု (၁၁၃) အိမ်၊လူဦးရေး (၅၇၄)ဦး ငါးနှစ်အောက်ကလေး(၂၀၄)ဦး ရှိပြီး မိုးကာလတွင်ဖြစ်ပွား တတ်သော ရောဂါများ ကြိုတင်ကာကွယ်ရေးတွက်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခင်က သွေးလွန်တုပ်ကွေး ရောဂါကို ကလေးသူငယ်များသာ ဖြစ်ပွားခဲ့ပြီး လတ်တစ်လော ကာလများတွင်လူကြီးများပါ ဖြစ်ပွားလာနေသည်ကို တွေ့ရှိနေရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment