Friday, September 18, 2015
2:06 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ထီးလင်း စက်တင်ဘာ ၁၇
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ညောင်ရွာ၊ ညောင်ဟောင်းရွာနှင့် တိကျေးရွာများတွင် စက်တင်ဘာ ၁၄ ရက်မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်ပေး မှုဖြင့် ဆိုလာစနစ်အသုံးပြု ကာ လျှပ်စစ်မီးလင်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၁၅ ခုနှစ်၌ အဆိုပါကျေးရွာများတွင် ဆိုလာစနစ်အသုံးပြုသည့် လျပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ရာ ဆိုလာနှင့်လျှပ်စစ်ပစ္စည်းအစုံ ၁၄၀ ယူနစ်ကို တပ်ဆင်ပေးခဲ့ကြောင်းနှင့် ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း
မြင့်မားတိုးတက်လာစေ ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခခြင်းဖြစ်ပြီး ယခုနှစ်အတွင်းကျေးရွာပေါင်း ၈ ရွာတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်း များ ၄၈၀ ယူနစ်ကို တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ညောင်ရွာ၊ ညောင်ဟောင်းရွာ နှင့် တိကျေးရွာတို့တွင် ဆိုလာစနစ်သုံး လျှပ်စစ်မီးလင်းရေးဖွင့်ပွဲများကို စက်တင်ဘာ ၁၄ ရက်က ကျင်းပခဲ့ရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးတင်လတ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနမှူး ဦး အောင်ကိုလတ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ ကျေးရွာတွင်လျှပ်စစ်မီးထွန်းညှိနိုင်ပြီဖြစ်သည့်အတွက် “ မိမိတို့အနေဖြင့် တစ်ကြိမ် တစ်ခါမျှ မကြုံဘူးသေးသည့် နိုင်ငံတော်မှကျေးရွာမီးလင်းရေး လှူဒါန်းမှုအတွက် များစွာဝမ်းသာကျေးဇူးတင်ပါကြောင်း
ညောင်ကျေးရွာနေ ဦးကျော်မြင့်က ပြောသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment