Friday, September 18, 2015


အောင်လံ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့၌ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်
ပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ၏ တင်ပြဆွေးနွေးပွဲကို စက်တင်ဘာလ(၁၆)ရက်နေ့ နေလည်(၁း၀၀)နာရီအချိန်က အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဆင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ကိုကိုနှင့် ရွေးကောက်ပွဲဆိုင်ရာ
လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ မြို့နယ် ကော်မရှင်အဖွဲဥက္ကဌနှင့်အဖွဲ့ဝင်များ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ သတင်းမီဒီယာအဖွဲ့များ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်တက်ရောက်ကြသည် ။ အခမ်းအနားတွင် ရဲမှူးတင်ကိုကိုမှ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးစီမံချက် ရေးဆွဲဆောင်ရွက်မည့် အစီအမံများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များမှ ပါဝင်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို ပြည်သူလူထု အတွင်းသိရှိနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပြော ကြားခဲ့သည် ။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်မှ အစည်း အဝေးတက်ရောက်လာသူများ၏သိလိုသမျှမေးခွန်းများကို ဖြည့်စွက်ရှင်း
လင်းဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video