Friday, September 18, 2015



ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၈
ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၁၅ခုနှစ် စက် တင် ဘာလ (၁၇)ရက် နေ့တွင် မဲစာရင်း များကပ်ထားရာသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိ သူတို့မှ ကွင်းဆင်း စစ်ဆေး လျက်ရှိပြီးပြည်သူများမှလည်း မဲစာရင်းတွင် မိမိတို့၏ နာမည်များ ပါမပါ |မှန်မမှန်နှင့် မပါသင့်သူ များ ပါဝင်ခြင်း ရှိမရှိကို စိတ်ပါဝင်စား စွာဖြင့်လာရောက်ကြည့်ရှု့ကြပြီး ဖြည့်စွက် ပြင်ဆင် ခြင်းတို့ဆောင်ရွက် လျက်ရှိပါသည်။အဆိုပါ မဲစာရင်းများကို စက်တင်ဘာလ (၁၄)ရက်နေ့မှ စတင်ပြီး စက်တင်ဘာ လ (၂၇) ရက်နေ့ထိ ကပ်ထားပေးမည်ဖြစ်ပြီး ဆင်ပေါင်ဝဲမြို့နယ်တွင် ရပ်ကွက် /ကျေးရွာ အုပ်စု (၄၉ )အုပ်စု |မဲရုံ ပေါင်း (၁၂၅)ရုံ |မဲဆန္ဒရှင်ပြည်သူ (၈၅၃၁၄)ဦး ဖြစ်ကြောင်းသတင်းရ ရှိပါ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video