Friday, September 18, 2015



မင်းဘူး စက်တင်ဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊အဖွဲ့ဝင်၊မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်နိုင်သည် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်လိုက်ပါလျက် စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းကမင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့
 ရောက်ရှိပြီးခရိုင်ရွေးကောက် ပွဲကော် မရှင်းအဖွဲ့ ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ အများပြည်သူ လာရောက်ကြည့်ရှုမှုလွယ်ကူအောင်အချိန်ပြည့် ကြေညာထားရှိမှုအခြေအနေများကို
 မေးမြန်းဆွေးနွေးရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ စွာကြေညာထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မင်းဘူးမြို့ပေါ်ရပ်ကွက်များနှင့် စကုမြို့ပေါ်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကံသာအုပ်စု၊ကျွဲတဲကျေးရွာ မဲဆန္ဒရှင်းစာရင်းကြေညာထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍
ဆောင်ရွက်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video