၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲအစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန် Community Policing လုပ်ငန်းစဉ်အခြေခံသင်တန်းအမှတ်စဉ်(၂/၁၅) သင်တန်းဆင်းပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီးအရာရှိ (ပထမတန်း) (ဦး/ရေး/ ထောက်) ဒုတိယ ရဲမှူးကြီး မောင်မောင်အေး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်း၊ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး တင်မျိုးအောင်၊ ဒုရဲမှူး (ဦးစီး) ဒုရဲမှူး နီဝင်း၊ ဒုရဲမှူး(ရေး/ထောက်) ဒုရဲမှူး တင်ကိုကို၊ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်ဌေး၊ ရဲအကူ တပ်ဖွဲ့ခွဲမှ အရာရှိ(၃)ဦး၊ သင်တန်းနည်းပြ (၈)ဦး၊ သင်တန်း သား (၁၆)ဦး၊ စုစုပေါင်း (၃၆)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလူလူသန်းမှ သင်တန်းဆင်းမိန့်ခွန်း ပြောကြား၍ သင်တန်းသား(၁၆)ဦးအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့မှ သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး ဝ၉၃ဝ အချိန် သင်တန်းဆင်းပွဲ အခမ်းအနား ပြီးဆုံး ခဲ့ကြောင်း၊ အဆိုပါ သင်တန်းမှာ ၇.၉.၂ဝ၁၅ ရက်နေ့မှ ၁၈.၉.၂ဝ၁၅ ရက်နေ့အထိ (၁၂) ရက် ကြာ ဖွင့်လှစ် ခဲ့သော သင်တန်းဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment