Saturday, September 19, 2015
11:12 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
စေတုတ္တရာ စက်တင်ဘာ ၁၈
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင် စက်တင်ဘာလ(၁၇)ရက်နေ့ည မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် နပင်းချောင်းရေကြီးမှုဖြစ်ပေါ်ကာ ယင်းနေ့ည(၁)နာရီခန့်အချိန်မှစ၍ စေတုတ္တရာမြို့ပေါ် ရပ်ကွက် အတွင်း ရှိ နေအိမ်များအတွင်း ချောင်းရေများ ၀င်ရောက်လျက်ရှိသည်။
မိုးသည်းထန်စွာရွားသွန်းမှုများနှင့်အတူ လေပြင်းများတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက် အတွင်းရှိ
နေအိမ်အချို့တွင် သွပ်မိုးများ ပြုတ်ထွက် ခဲ့ပြီး၊အ.ထ.က ကျောင်း အုတ်တံတိုင်း များပြိုလဲပျက်စီးခဲ့ရသည်။
စေတုတ္တရာမြို့၊ ဇေယျရပ်ကွက်၊၀ဏ္ဏရပ်ကွက်နှင့် မြောက်ခေတ္တရာရပ်ကွက်များရှိ လူနေအိမ်(၁၂၀)ခန့်
ချောင်းရေ၀င်ရောက်ခဲ့ရာ လူနှင့်တိရ စ္ဆာန်များနေရာပြောင်းရွှေ့နေထိုင်မှု မရှိသေးကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment