Saturday, September 19, 2015
11:13 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး စက်တင်ဘာ ၁၈
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့်မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများရှိ ကျွဲနွားနှင့် အခြားတိရစ္ဆာန်များအားအစားအစာနှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည်။
မကွေးတိုင်းဒေသကြီးမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရေဘေးသင့်ဒေသများဖြစ်သည့် စလင်း၊ ပွင့်ဖြူ၊ ဒေတုတ္တရာ၊ မင်းဘူးမြို့နယ်တို့တွင် ၂.၈.၂၀၁၅ရက်နေ့မှ စတင်ရောက် ရှိလာသော ထောက်ပံ့ပစ္စည်းများဖြစ်သည့် ကျွဲနွားကာကွယ်ဆေး၊
နွားစာအိတ်တို့ ကိုဒိုက်ဦးမြို့နယ်အစာချက်စက်ရုံမှမီးရထားဖြင့်အခမဲ့ပို့ဆောင်ပေးလျက်ရှိရာ
လေးကြိမ်ရှိပြီဖြစ်ပါသည်။ကျွဲနွားအစာ တန်(၃၂)တန်(၁၂၈၀)အိတ်နှင့် အခြားကာကွယ်ဆေးများ အပါ အ၀င် တန်(၁၂၈)တန် တန်ဖိုး (၃၆.၅၆၉)သန်းရောက်ရှိပြီး မကွေး တိုင်းဒေ သကြိးအတွင်းရှိ
ရေဘေးသင့်ဒေသများသို့ ဖြန့်ဝေပေးလျှက်ရှိသည်။ ကာကွယ်ဆေးထိုးခြင်းအနေဖြင့် ကျွဲနွား(၄၀၀၀)ခန့်၊ ၀က်(၈၀၀၀)ခန့်၊ သိုး၊ဆိတ် (၁၆၈)ကောင်ခန့် ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment