၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ (၄)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူး-အမ်းကားလမ်း မိုင်တိုင် အမှတ် ၃၃/၃ နှင့် ၃၃/၄ အကြား ဆုံကုန်းကျေးရွာအနီးတွင် သစ်ပင်လဲကျပြီး အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိ သေဆုံးကြောင်းသတင်းအရ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးရာ ၄င်းလမ်း အတိုင်း ပဒါန်းကျေးရွာဘက်မှ ဂုတ်ကြီးကျေးရွာဘက်သို့ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနေသူ ဦးသိန်းငွေ (၅၂)နှစ် မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေ (၃၂)နှစ် စီးနင်းလိုက်ပါ လာသော မက/xxxxx KENBO-110 အနက်ရောင် ဆိုင်ကယ်သည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကားလမ်း ယာဘက်ဘေးရှိ လုံးပတ် (၃)ပေပတ်လည်ခန့်ရှိ ဘောစကိုင်းပင် လဲကျကာ ဒေါ်ခင်ဝင်းရွှေအား သစ်ပင်ကိုင်းဖျားရိုက်မိပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ နဖူး (၃)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ နောက်စေ့ (၃) လက်မခန့် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် ငဖဲမြို့နယ်၊ မြို့မရဲစခန်း သေမှု သေခင်း အမှတ်စဉ် (၁၀/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
Saturday, September 19, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment