Tuesday, September 15, 2015
1:52 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်၊ကံကုလားကျေးရွာတွင် ဆဲဆိုရမ်းကားပြီး ဒါးခုတ်မှုဖြစ်ပွားခဲ့ဖြစ် ပွားခဲ့သည်။ဖြစ်စဉ်မှာ မင်းဘူးမြို့နယ်၊ကံကုလားကျေးရွာအုပ်စု၊ကံကုလားကျေးရွာတွင် စက်တင်ဘာလ (၁၃)ရက်နေ့ ည(၈)နာရီအချိန်တွင် ဒေါ်ဝင်းစိန်၊အသက်-၆၆နှစ်၊(ဘ)ဦးမြင့်၏နေအိမ်တွင်ရှိနေစဉ် တူဖြစ်သူ ဖေတော(ခ) မျိုးလွင်ဦး သည် ကိုမျိုးတင့်နေအိမ်ရှေ့ လမ်းမပေါ်တွင် လဲကျနေကြောင်း သိရှိရ၍ သွားရောက်ကြည့်ရှုခဲ့ရာ ဖေတော(ခ)မျိုးလွင်ဦး၊အသက်-၂၁နှစ်၊ (ဘ)ဦးဟန်ရင် ကံကုလားကျေးရွာနေသူ တွင် ဦးခေါင်း ယာဘက်ခြမ်းပြတ်ရှဒဏ်ရာ(၁)ချက်၊၀ဲဘက်ဒူးခေါင်း ဖူးယောင်ညိုမဲဒဏ်ရာ၊ယာတံတောင် ဖူးယောင်ညိုမဲဒဏ်ရာတို့ဖြင့်တွေ့ရှိရသဖြင့် မေးမြန်းရာ ဖေတော(ခ)မျိုးလွင်ဦးသည်မိခင်ဖြစ်သူ ဒေါ်ရင်သန်း
နေအိမ်မှ ထမင်းစားပြီး အပြန် ကိုမျိုးတင့် နေအိမ်ရှေ့အရောက် ဖြိုးမောင်၊အသက်-၃၉နှစ်၊ (ဘ)ဦးမြသောင်း ၊သောင်းမြင့်၊အသက်-၅၃နှစ်၊(ဘ) ဦးခန့်ကျော်၊သီဟကို၊အသက်-၂၈နှစ် ၊(ဘ)ဦးလှဆောင် တို့မှ မကြားဝံ့ အနာသာအောင် ဆဲဆိုကာ ဖြိုးမောင်မှ အရိုး/အသွား(၁)တောင်ခန့်ရှိ ဒါးမဖြင့် ခုတ်ကြောင်းပြောပြ သိရှိရသဖြင့် ဥပဒေအရ အရေးယူဆောင်ရွက် ပေးပါရန် ဒေါ်ဝင်းစိန်မှ တရားလိုပြုလုပ်၍ စကုမြို့နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။အမှုနှင့်ပတ်သက်၍ ဖြိုးမောင်၊သောင်းမြင့်နှင့် သီဟကိုတို့(၃)ဦးအား စကုနယ်မြေရဲစခန်းမှ (ပ)၁၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၃/၂၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment