Tuesday, September 15, 2015
1:51 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံ စက်တင်ဘာ ၁၅
မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ အောင်လံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၄) ရက်နေ့နံနက်(၁၀း၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည် ။
ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းလွင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကံထွန်းနှင့် အတွင်းရေးမှူး ဦးမြင့်သိန်း ၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းမင်းဦး ၊ မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတိုးကြည်နှင့် ၀န်ထမ်းများတက်ရောက်ကြပြီး စီမံကိန်းဝင်ကျေးရွာများဖြစ်သော စမ်းကလေး (ရေတွင်းစု) ၊ ကျောက်ပန်းတောင်း ၊ ဂွေးကုန်း ၊ ရုံးဆိပ် ၊ ကျွဲသေ(ထိန်အင်း) ၊ ရဲဘော်ဟောင်း ၊ ဆေးပုလဲ ၊ ဒါးစမ်း၊ ကွင်းလှရွာသာကုန်း ကျေးရွာများမှ
ကော်မတီဝင်များအား တစ်ရွာလျှင် ကျပ်သိန်း(၃၀၀)ဖြင့် ကျေးရွာ(၁၀)ရွာအတွက် စုစုပေါင်း
ကျပ်သိန်း(၃၀၀၀)အား ပေအပ်ခဲ့ကြောင်း သတင်းရရှိသည် ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment