Friday, December 12, 2014

ကျောက်ထု ဒီဇင်ဘာ ၁၀
    ယခုနှစ်မိုးရာသီတွင် ဂန့်ဂေါခရိုင် ကျောက်ထုဒေသ၌ မိုးနည်းခဲ့သဖြင့် မိုးကောင်းရေသောက်လယ်မြေ များအနက် အချို့မှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် အဆိုပါလယ်မြေများတွင် ယခုအခါ ကုလားပဲများကို စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
    အဆိုပါဒေသတွင် မိုးရာသီစပါးပြီးလျှင် သီးထပ်အဖြစ် ကြက်သွန်ဖြူကို စိုက်ပျိုးလေ့ရှိသည်။ သို့သော် လည်း ယခုနှစ်တွင်မူ မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့် လယ်မြေများ၌ အစားထိုးသီးနှံအဖြစ် ဆောင်းရာသီတွင် ကုလားပဲကို စိုက်ပျိုးကြခြင်းဖြစ်ကြောင်း အဆိုပါဒေသနေ ပြည်သူတစ်ဦးက ပြောသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video