Friday, December 12, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည (၈း ၁၀)အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ ချောင်းဖြူကျေးရွာနေ အေးဆောင်၏မင်္ဂလာဆောင်တွင် ချောင်းဖြူကျေးရွာ နေသူ များဖြစ်သော လင်းရွှေ(၅၃)နှစ်နှင့် မောင်ညွှန့်(၄၃) နှစ်တို့ နှစ်ဦးသည် အရက်အတူသောက်စားကြစဉ် လင်းရွှေ မှ မောင်ညွှန့်(၀ဲခြေပြတ်နေသူ)အား "ဒုကိ္ခတ”ဟုပြောဆိုခဲ့သည်ကို မကျေနပ်၍ စကားများ ရန်ဖြစ်ကြသဖြင့် လင်းရွှေအား တစ်ရွာတည်းနေ ဦးကြည်ထွန်းမှ ၎င်းနေအိမ်သို့ ခေါ်သွားခဲ့သည်။

မောင်ညွှန့်မှ ဦးကြည်ထွန်းနေအိမ်သို့လိုက်လာပြီး လင်းရွှေအား အသင့်ပါလာသော အရိုးအသွား ၆လက်မ ခန့်ရှိ ဓါးမြှောင်နှင့်ထိုးရာ မေးစေ့အောက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ (၂)ချက်၊ ၀ဲဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲပေါင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲတံခေါက်ခွက် ထိုးသွင်းဒဏ်ရာ (၁)ချက်(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်းဘူးဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌သေဆုံး သွားကြောင်း သတင်းရရှိသည်။

 မောင်ညွှန့်အား အရေးယူပေးပါရန် ၎င်းနေ့ညတွင် လင်းရွှေ၏သားဖြစ်သူ အောင်လေး(၂၃)နှစ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊ မုန်တောင်နယ်မြေရဲစခန်း(ပ)၁၂/၂၀၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video