နိုင်ငံတော်အစိုးရသည် ကမ္ဘာ့လူသားမျိုးနွယ်စု တစ်ရပ်လုံးကို လူညွှန့်တုံးစေနိုင်သော ကြီးမားသည့် အန္တရာယ်ကို ကျရောက်စေနိုင်သည့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် လုံးဝချုပ်ငြိမ်းပပျောက်ရေးကို အလေးထားလျှက် မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ (၃) ရပ်ဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ဘက်ပေါင်းစုံမှ အရှိန်မြှင့်တင်၍ တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် (၁၅) နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ဘိန်းစိုက်ပျိုးမှုများ၊ အစားထိုးဓါတုပစ္စည်းများ၊ အသစ်ထွက် ပေါ်လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၏အန္တရာယ်များမှာလျော့နည်း သွားခြင်းမရှိ၍ မူးယစ်ဆေးဝါး ပပျောက်ရေး (၅) နှစ်စီမံကိန်းကို ၂၀၁၈-၂၀၁၉ ခုနှစ် အထိ သက်တမ်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၄-၂၀၁၅ ခုနှစ် ဘိန်းစိုက်ရာသီကာလတွင် ဘိန်းစိုက်ပျိုးမှု မရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်၊ သရက်ခရိုင်၊ မင်းလှမြို့နယ်နှင့်မင်းတုန်းမြို့နယ်တို့တွင် ၁.၁၂.၂၀၁၄ ရက်နေ့မှ ၇.၁၂.၂၀၁၄ ရက်နေ့အထိ စစ်ကြောင်း (၅)ကြောင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန ၊ မြေစာရင်းဦးစီးဌာနတို့မှ ၀န်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘိန်းခင်းများ ဖော်ထုတ်ဖျက်ဆီးခြင်း၊ အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်သူစိုး ဦးစီးသော ဘိန်းခင်းများ ဖော်ထုတ်ဖျက်ဆီးရေး စစ် ကြောင်း (၁)အဖွဲ့သည် ငဖဲမြို့နယ်၊ လောက်ပုလဲ- ဘို့ကျေးရွာ -ရေဘိန်းကျေးရွာ-သစ်စိမ့်ပင်ရွာ -ရေဖြူကျေးရွာ -ရှောက်ရင်းကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးကာ ရောက်ရှိကျေးရွာများတွင် ပညာ ပေးဟောပြောခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဘိန်းစိုက်ခင်း ၄ ဧကခန့်အား မှတ်တမ်းတင်ခြင်း၊ ဖျက်ဆီးခြင်းများ ဆောင် ရွက်နိုင်ခဲ့သည်။
ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဥာဏ်ကီးရှိန် ဦးစီးသော ဘိန်းခင်းများ ဖော်ထုတ်ဖျက်ဆီးရေး စစ် ကြောင်း (၂) အဖွဲ့သည် ငဖဲမြို့နယ်၊ ပဘဲကျေးရွာ၊ အောက်ဆင်လမ်းကျေးရွာ၊ ၀န်ကျေးရွာ၊ တင်ပြင်း ကျေးရွာ ၊ ထော်ဇာကျေးရွာ၊ နောင်ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးကာ ရောက်ရှိကျေးရွာများတွင် ပညာပေး ၊ ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဘိန်းစိုက်ခင်း (၄.၅) ဧကခန့်အား မှတ်တမ်း တင် ခြင်းနှင့် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် နန်းရဲဇော် ဦးစီးသည့် ဘိန်းခင်းများ ဖော်ထုတ်ဖျက်ဆီးရေး စစ် ကြောင်း(၃)အဖွဲ့သည် စေတုတ္တရာမြို့နယ်၊ သက္ကယ်ကျင်းရွာ၊ စစ်ငန်းရွာ၊ သက္ကယ်တောင်ရွာ၊ ဆင်ခြေဘိုရွာများသို့ ကွင်းဆင်းစစ်ဆေးကာ ရောက်ရှိကျေးရွာများတွင် ပညာပေးဟောပြောခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော် ဦးဆောင်သော ဘိန်းခင်းရှာဖွေဖျက်ဆီးရေးစစ်ကြောင်း အဖွဲ့ (၄) အဖွဲ့သည် ပနီဆုံကျေးရွာ၊ ကျောင်းကုန်းတဲတိုက်ရွာ၊ လေးပင်တဲတိုက်ရွာ၊ အောက်တပူရွာ ၊ အထက် တပူရွာ၊ ဆင်တောင်ရွာ၊ လက်ပံခုံရွာ၊ ဇိုင်ပြားတဲတိုက်ရွာ၊ ဇင်ဂေါင်တဲတိုက်ရွာများသို့ ကွင်းဆင်း စစ်ဆေးကာ ရောက်ရှိကျေးရွာများတွင် ပညာပေးဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက် ခဲ့ပြီး ဘိန်းစိုက်ခင်း (၁) ဧကခန့်အားမှတ်တမ်းတင်ခြင်းနှင့် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။
မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်း ဦးဆောင်သည့် ဘိန်းခင်းရှာဖွေဖျက်ဆီးရေးစစ်ကြောင်း အဖွဲ့ (၅) သည် မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ပြောင်းကျေးရွာ၊ မယော်ရွာ၊ ယင်းကောက်ရွာ၊ ထန်းပင်ကုန်းရွာ ၊ တောင်လတ်ရွာ၊ တမာကျေးရွာနှင့် ကင်းပွန်းဒေါင့်ရွာများသို့ ကွင်းဆင်းစစ်ဆေး ကာ ရောက်ရှိကျေးရွာ များတွင် ပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

၂၀၁၄-၂၀၁၅ ခုနှစ် ဘိန်းစိုက်ရာသီကာလတွင် ဘိန်းစိုက်ပျိုးမှု မရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်၊ သရက်ခရိုင်၊ မင်းလှမြို့နယ်နှင့်မင်းတုန်း မြို့နယ်တို့တွင် စစ်ကြောင်း (၅)ကြောင်းဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့ အထိ စုစုပေါင်း ဘိန်းစိုက်ခင်း(၇)ခင်း၊ ဘိန်း/ဆေးခြောက်စိုက်ခင်း (၁) ခင်း၊ ဘိန်းစိုက်ဧက (၈.၂၅) ဧက ခန့်နှင့် ဆေးခြောက်စိုက်ဧက (၀.၂) ဧကတို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment