မကွေး ဒီဇင်ဘာ ၁၁
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မကွေး) ၏ ဦးဆောင်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းသေချာသော ဟိုတယ်ဆိုင်ရာသင်တန်းများဖြစ်သည့် ဧည့်ကြို ၀န်ဆောင်မှုသင်တန်း( Front office)၊ အိပ်ခန်းဆောင်ထိန်းသိမ်းမှုသင်တန်း(House Keeping) တို့အား မကွေးမြို့ ကမ်းနားရှိ နန်းထိုက်သူဟိုတယ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။
သင်တန်းကာလမှာ ၁၅.၁၂.၂၀၁၄မှ ၉.၁.၂၀၁၅ရက်နေ့ သီတင်း(၄)ပတ်ကြာဖွင့်လှစ်မည်ဖြစ်၍ မကွေးမြို့တွင် ထမဦးဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ယင်းသင်တန်းတက်ရောက်အောင်မြင် ပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများစွာကိုရရှိနိုင်သည့်အတွက် ၁၃.၁၂.၂၀၁၄ရက်နေ့နောက်ဆုံးထား၍ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဗိုလ်ချုပ်လမ်း၊ (ဗိုလ်ချုပ်ကြေးရုပ်အနီး) မကွေးမြို့တွင် စာရင်းပေး သွင်းနိုင်ကြောင်းသိရှိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း 063-25057၊ 09403705952၊ 09401541714 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
Thursday, December 11, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment