Thursday, December 11, 2014

မင်းဘူး   ဒီဇင်ဘာ    ၁၀
    မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကုန်းသာကျေးရွာ ၂လက်မပတ်လည် အနက်(၂၀၀)ပေ စက်ရေတွင်းတူးဖော်နေခြင်း လုပ်ငန်းအား (၃.၃၀)သန်းဖြင့် မြန်မာ့ရှုခင်းသမ၀ါယမမှ  တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
စက်ရေတွင်းတူးဖော်နေမှုအား မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆွေသည် ယနေ့နံနက်၈နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူးဦးအောင်ဘုန်းလင်း၊ လက်ထောက်ညွှန်ကြား ရေးမှူး(နည်းပညာ) မှ စက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်သော အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးမှ  လိုအပ်ချက်များအားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ စက်ရေတွင်း တူးဖော်ဆောင်ရွက်ပြီးစီးပါက ကုန်းသာကျေးရွာရှိ အိမ်ခြေ(၅၁၂)အိမ် လူဦးရေ (၂၃၄၄)ဦးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိမည်ဖြစ်၍  ကျေးရွာနေပြည်သူများ ၀မ်းသာပီတိ ဖြစ်လျက်ရှိ ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video