Wednesday, November 7, 2018


၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးတင့် ဦးစီးအဖွဲ့၊  တိုင်း(မှု/ကူ)မှ ရဲအုပ် ၀င်းမျိုးသန့်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ နယ်မြေရဲစခန်းမှ ရဲအုပ် တင်မိုး၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် ငြိမ်းထွန်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တရားမ၀င် ရေနံစိမ်းများချက်လုပ်နေကြောင်း သတင်းအရ ပခုက္ကူမြို့နယ်၊ လမ်းရွာ အုပ်စု၊ ထန်းခြောက်ပင်ကျေးရွာ တောင်ဘက် ဧရာဝတီမြစ်ကမ်း အနောက်ဘက်ဘေး တောတန်းကမ်းပါး ပေါ်သို့ သွားရောက်ရှာဖွေရာ ပခုက္ကူမြို့နယ်၊ ထန်းခြောက်ပင် ကျေးရွာနေ မသင်းသင်းအေး၊ ၃၅ နှစ်အား ရေနံချက်လုပ်ရာတွင် အသုံးပြုသော (၅)ပေပါဆံ့ ချက် လက်စ ရေနံချက်သံကန်(၁)ခု၊ ချက်ဒီဇယ် ထည့်ရာ တွင် အသုံးပြုသော ပေပါခွံ(၄၀)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့၍ မသင်းသင်းအေး အား ပခုက္ကူမြို့နယ်၊ မြစ်ခြေ နယ်မြေရဲစခန်း (ပ)၃၇/၂၀၁၈၊ ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေပုဒ်မ ၃၇ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video