Wednesday, November 7, 2018


၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးတင့် ဦးစီးအဖွဲ့၊ တိုင်း(မှု/ကူ)မှ ရဲအုပ် ရဲနိုင်မြင့်၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် ငြိမ်းထွန်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ ရဲအုပ် တင်မိုး တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့် အတူ တရားမ၀င် ရေနံစိမ်းများချက်လုပ်နေကြောင်း သတင်းအရ ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာတောင်ဘက် ဧရာဝတီမြစ်ကမ်း အနောက်ဘက် ဘေး တောတန်းကမ်းပါးပေါ်သို့ သွားရောက်ရှာဖွေရာ ပခုက္ကူမြို့နယ်၊ ထန်းခြောက်ပင် ကျေးရွာနေ ခိုင်မျိုးထွန်း(ခ)ဘိုခိုင်၊ ၂၈ နှစ် အား ရေနံချက်လုပ်ရာတွင် အသုံးပြုသော (၅)ပေပါဆံ့ ချက်လက်စ ရေနံချက်သံကန်(၂)ခု၊ ရေနံချက်ဆီအပြည့် ပါသော ပေပါ(၃၂)လုံး၊ ရေနံချေးအပြည့်ပါ ပေပါ(၆)လုံး နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့၍ ခိုင်မျိုးထွန်း (ခ)ဘိုခိုင် အား ပခုက္ကူမြို့ နယ်၊ မြစ်ခြေနယ်မြေရဲစခန်း (ပ)၃၆/၂၀၁၈၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video