Tuesday, October 23, 2018


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ၃ နာရ်ီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး မှုခင်းအကူဌာနစိတ်မှ ဒုရဲအုပ် အေးနိုင်နှင့်အဖွဲ့၊ ပခုက္ကူခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ် မျိုးလွင် နှင့်အဖွဲ့၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲအုပ် သိန်းဌေးတို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့နယ်၊ ကြီးရွာကျေးရွာ အရှေ့မြောက်ဘက်ရှိ ထွန်းဇော်၊ ၄၃ နှစ်၏ သနပ်ခါးခြံဝန်းအတွင်း၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ သုံးစွဲနေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၁၈/၂၀၁၈)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြရာ သနပ်ခါး ခြံဝန်းအတွင်းရှိ နေအိမ် တဲအောက်တွင် ထွန်းဇော်နှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ ကျော်ဇင်ထက်၊ ၂၃နှစ်၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ ခန့်ညီဝင်း၊ ၂၅ နှစ်၊ တစ်ရပ်ကွက် တည်းနေ သီဟအောင် ၃၀နှစ်၊ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်နေ သောကြာ(ခ)သော်ဇင်ထွဋ်၊ ၁၇ နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မှိုင်းဝ ကျေးရွာနေ မန်ယူ(ခ)၀င်းနိုင်၊ ၅၃ နှစ်တို့(၆)ဦးအား 88/1 စာသားပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၁၈)ပြား၊ အလေးချိန်(၁၁၁.၈)ဂရမ်၊ မူးယစ် ဆေးဝါးရောင်းချရရှိငွေ (၂၉၇၆၀၀ိ/-)နှင့် ဆက်စပ်ပစ္စည်း များ၊ ဆိုင်ကယ် (၅)စီး၊ လက်ကိုင်ဖုန်း (၈)လုံးတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ထွန်းဇော်ပါ(၆)ဦးအား ပခုက္ကူမြို့မရဲစခန်း မယ(ပ) ၅/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video