Tuesday, November 20, 2018


မကွေး၊ နိုဝင်ဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ အောင်ခန့်၊ ၁၆ နှစ်သည် အမှတ်(၈)ရပ်ကွက်ရှိ မာရီစတုတ်သင်တန်းမှ သင်တန်းပြီး၍ သူငယ်ချင်း ဖြစ်သူ မြတ်မင်းနှင့်အတူ HONDA CLICK-125 အစိမ်းရောင်ဆိုင်ကယ်ဖြင့် မြို့မလမ်းအတိုင်း နေအိမ်သို့ မြတ်မင်းမှ မောင်းနှင်လာခဲ့ရာ အမှတ်(၄)ရပ်ကွက်ဘက်သို့ ချိုးကွေ့စဉ် မြို့မလမ်းအတိုင်း လားရာတူ နောက်မှ လူငယ်(၃)ဦး စီးနင်းလာသည့် SMASH-125 နက်ပြာရောင် ဆိုင်ကယ်(၁)စီးမှာ အောင်ခန့်တို့၏ ဆိုင်ကယ်အနီးသို့ ကပ်လာပြီး အောင်ခန့်၏ ခါးကြားတွင် ထိုးထားသည့် OPPO A83 အပြာရောင်ဟန်းဖုန်း၊ တန်ဖိုး(၂၀၀၀၀၀)ကျပ်ခန့်အား လုယူကာ မြို့မလမ်းအတိုင်း ထွက်ပြေးသွား သဖြင့် အောင်ခန့်မှ ပခုက္ကူမြို့ မရဲစခန်းသို့ အကြောင်းကြားပြီး ပခုက္ကူမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် သိန်းဌေး ဦးစီး အဖွဲ့နှင့်အတူ လိုက်လံရှာဖွေရာ ပခုက္ကူမြို့၊  ဧရာဝတီတံတား အနောက်ဘက်၊ မြကန်သာပန်းခြံအနီး၊ တာဘောင်လမ်းပေါ်တွင် အောင်ခန့်၏ ဟန်းဖုန်းအား လုယူခဲ့သည့် လူငယ်(၃)ဦးအား တွေ့ရှိရသဖြင့် စစ်မေးရာ ၎င်းတို့မှာ ပခုက္ကူမြို့နယ်၊ အမှတ်(၅) ရပ်ကွက်နေ အောင်ကို၊ ၂၅ နှစ်၊ မြိုင်မြို့နယ်၊ ဆင်စွယ် ကျေးရွာနေ ကျော်သီဟမြင့်(ခ)ဖိုးထော်၊ ၂၆ နှစ်နှင့် တစ်ရွာတည်းနေ ဇော်လွင်၊ ၂၀ နှစ် တို့ဖြစ်ကြောင်း သိရှိရပြီး ဇော်လွင် ၀တ်ဆင်ထားသည့် ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ အောင်ခန့်၏ ဟန်းဖုန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်  အောင်ကိုပါ(၃)ဦးအား အောင်ခန့်မှ တရားလိုပြုလုပ် တိုင်တန်း၍ ပခုက္ကူမြို့၊ မြို့မရဲစခန်း (ပ)၅၆၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video