မကွေး၊ နိုဝင်ဘာလ ၂၂ ရက်
တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်
ဦးစီး နယ်ထိန်းတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီး မြို့မရဲစခန်း(ပ)၄၁၄/၂၀၁၈
ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုနှင့်ပတ်သက်ပြီး မသင်္ကာတရားခံများ ဖြစ်သော ထန်းလျက်လုံး(ခ)ဓနမောင်မောင်၊
၁၅ နှစ်၊ ဖိုးသင်္ကြန်(ခ)ရဲရင့်သူ၊ ၁၆ နှစ်၊ စံလင်းကို ၁၉ နှစ်တို့(၃)ဦးအား
ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။
၎င်းတို့လူငယ်(၃)ဦးသည် မကွေးမြို့၊
ပြည့်ဖြိုးအောင်ဘီယာဆိုင်အနီးမှ DAYANG-125 အနက်ရောင် ဆိုင်ကယ်(၁)စီး၊ တောင်တွင်းကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အဆောက်အဦအတွင်းမှ SAMSUNG
အဖြူရောင်ဖုန်း(၁)လုံး၊ MI အနက်ရောင်ဖုန်း(၁)လုံး၊ LENOVO အနက်ရောင်ဖုန်း (၁)လုံး၊
OPPO အဖြူရောင်ဖုန်း(၁)လုံး၊ တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်များရှိ
အဆောက်အဦများမှ HiBOBO-110 ဖြူ/နက်ကြား ဆိုင်ကယ်(၁)စီး၊ MI
အဖြူရောင်ဖုန်း(၁)လုံး၊ HUAWEI Y-5 အနက် ရောင်ဖုန်း(၁)လုံး၊ VIVO
အဖြူရောင်ဖုန်း(၁)လုံး၊ OPPO အမျိုးအစား ရွှေရောင်ဖုန်း(၁)လုံး၊ အဖြူ ရောင်
ဖုန်း(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း ထွက်ဆိုချက်ပေးခဲ့ကြပြီး အပ်နှံပေးသဖြင့်
သိမ်းဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများနှင့်ပတ်သက်၍
စုံစမ်းဆောင်ရွက်ခဲ့ရာ DAYANG-125 အနက်ရောင်ဆိုင်ကယ်ပိုင်ရှင်မှာ မင်းဘူးမြို့နယ်၊
လေးပင်ကျေးရွာနေ ဦးသိုက်ဟိန်းထွန်း၊ HUAWEI Y-5 အနက်ရောင်ဖုန်းပိုင်ရှင်မှာ
တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်နေ ဦးခင်မောင်တင့်၊ VIVO
အဖြူရောင်ဖုန်းပိုင်ရှင်မှာ တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်နေ
ဒေါ်သူဇာထွန်းတို့ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
တောင်တွင်းကြီးမြို့၊
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အဆောက်အဦအတွင်းမှ ခိုးယူလာသော SAMSUNG အဖြူရောင်ဖုန်း(၁)လုံး၊
MI အနက်ရောင်ဖုန်း(၁)လုံး၊ LENOVO အနက်ရောင်ဖုန်း (၁)လုံး၊ OPPO အဖြူရောင်ဖုန်း(၁)လုံး၊
စုစုပေါင်းဖုန်း(၄)လုံးတို့မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အကြီးတန်းစာရေး ဦးရဲဝင်း
တိုင်းတန်း၍ တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၂၁၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အမှုမှ သက်သေခံပစ္စည်းများဖြစ်ကြောင်း
အတည်ပြုဆောင်ရွက်နိုင်ခဲ့ပြီး ကျန်သက်သေခံ ပစ္စည်းများ၏ ပိုင်ရှင်များအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment