Saturday, November 24, 2018


မကွေး၊ နိုဝင်ဘာလ ၂၃ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မကွေးတိုင်းမှုခင်းအကူဌာနစိတ်မှ  ရဲအုပ် ရဲနိုင်မြင့်နှင့်အဖွဲ့၊ သရက်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုရဲအုပ် သိန်းမင်း၊ သရက်မြို့မ ရဲစခန်းမှ ဒုရဲအုပ် သူရအောင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချဲထီ/နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်း အရ သက်သေများနှင့်အတူ သရက်မြို့၊  အနောက်တောင်ပိုင်းရပ်ကွက် နေ ဒေါ်စန်း၊ ၅၈ နှစ်၏ နေအိမ် အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၂၀/၂၀၁၈)ဖြင့် ၀င်ရောက် ရှာဖွေဖမ်းဆီးရာ ဒေါ်စန်းအား နေအိမ်ခေါင်းရင်းဘက် အဆောက်အဦအတွင်း၌ စားပွဲခုံဖြင့်ထိုင်လျက်  ချဲထီ၊ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ Citizen စာတမ်းပါ ဂဏန်းပေါင်းစက်(၁)လုံး၊ Vivo စာတမ်း ပါ ဟန်းဆက်(၁)လုံးနှင့် လောင်းကြေးငွေစက္ကူရောရာ (၇၂၅၀၀ိ/-) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ဒေါ်စန်းအား သရက်မြို့၊ မြို့မရဲစခန်း(ပ)၅၀၈/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video