Monday, November 26, 2018


မကွေး၊ နိုဝင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မှုခင်းကျဆင်းရေးဆောင်ရွက်နေစဉ် အမှတ်(၃) ရပ်ကွက်၊ နမ္မဒါရပ်ရှိ မန်းသီတာဘီယာဆိုင် လမ်းကြားတွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်နေ ပြည့်ဖြိုးအောင်(ခ) နိုင်လင်းထက်၊ ၃၅ နှစ်နှင့် စကုမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဖြိုးဝေနိုင်၊ ၂၁ နှစ်၊ တို့(၂)ဦးအား ၆၀ယ/ ၄၃၈၂၁ ကန်ဒါ-၁၂၅ အနက်ရောင်ဆိုင်ကယ် (၁)စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေး မေးမြန်းရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်းမရှိခဲ့၍ ပြည့်ဖြိုးအောင်(ခ)နိုင်လင်းထက်နှင့် ဖြိုးဝေနိုင်တို့(၂)ဦးအား မင်းဘူးမြို့၊ မြို့မရဲစခန်း (ပ)၁၁၈၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 
တရားခံ ပြည့်ဖြိုးအောင်(ခ)နိုင်လင်းထက်၊ ၃၅ နှစ်အား အသေးစိတ်စစ်ဆေးရာ ၎င်းသည် စကုမြို့၊ အမှတ်(၂) ရပ်ကွက်နေ မင်းမင်း(ခ)ဆန်းမင်းဌေး၊ ၁၉ နှစ်၊ ရေနံချောင်းမြို့နယ်၊ ရှားတောကျေးရွာနေ မဥမ္မာစန်း၊ ၃၈ နှစ် တို့နှင့်အတူ လွန်ခဲ့သော(၂)လခွဲခန့်က မင်းဘူးဆေးရုံကြီးဝန်း၊ ဖျားနာဆောင် အောက်ထပ်၊ လူနာဆောင်ကုတင် တစ်ခုအနီးမှ SAMSUNG အပြာရောင်လက်ကိုင်ဖုန်း(၁)လုံးအား ခိုးယူခဲ့ပြီး မဥမ္မာစန်းထံတွင် အပ်နှံထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပြည့်ဖြိုးအောင်(ခ) နိုင်လင်းထက်ပါ(၃)ဦးတို့အား မင်းဘူးမြို့၊ မြို့မရဲစခန်း(ပ)၁၁၈၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video