မကွေး၊ နိုဝင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင်
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မျိုးလွင် ဦးစီး တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
ပခုက္ကူမြို့မရဲစခန်း(ပ)၅၆၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့်
တရားခံ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ပူရပ်ကွက်နေ ကျော်ကျော်ဝင်း၊ ၂၃ နှစ်အား
လိုက်လံစုံစမ်းရှာဖွေရာ ရေစကြို မြို့နယ်၊ ဆင်ဖြူရှင်တံတားအနီးတွင် ကျော်ကျော်ဝင်းအား
၅၆ယ/၈၀၇၈၄ HONDA Scoopy 110 အနက်ရောင်ဆိုင်ကယ်(၁)စီးနှင့် ၎င်းလွယ်ထားသည့် Meiyanuo တံဆိပ်ပါ
အညိုရောင် သားရေအိတ်(၁)လုံးအတွင်းမှ မာစတာကီးသော့(၁)ချောင်း၊ အရိုးအသွား(၁၂)လက်မခန့်ရှိ
ဦးချွန်သုံးမြှောင့် စကေဘာ(၁)ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍
ပိုင်ဆိုင်ကြောင်း အထောက် အထား ပြသနိုင်ခြင်း မရှိသဖြင့် ပခုက္ကူမြို့၊ မြို့မရဲစခန်း(ပ)၅၆၄၄/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။Monday, November 26, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment