မကွေး၊ နိုဝင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းမျိုးသန့့် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
မကွေးမြို့ပေါ်အတွင်း ခိုး/ဆိုး/နှိုက် သတင်း များ စုံစမ်းနေစဉ် ပြည်တော်သာ လမ်းရှိ``သဘာဝ´´လက်ဖက်ရည်ဆိုင်၊
ဖုန်းပွဲစားတန်းတွင် လူငယ် တစ်ဦးမှ ဖုန်း(၁)လုံးအား ကာလတန်ဖိုးထက် လျော့၍ ရောင်းချနေသဖြင့်
စစ်ဆေးမေးမြန်းရာ မကွေး မြို့နယ်၊ မင်းရွာ(တောင်)ကျေးရွာနေ ရန်နိုင်စိုး၊ ၂၂ နှစ်၊
ဖြစ်ပြီး ၎င်းလိုက်လံရောင်းချနသော HUAWEI အနက်ရောင်ဖုန်း (မှန်ကွဲ)(၁)လုံးနှင့် ပတ်သက်၍
ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိ၍ နေအိမ်အဆောက်အဦတစ်ခုခုမှ
ခိုးယူလာသည်ဟု မင်္သကာဖွယ် တွေ့ရှိရသဖြင့် ရန်နောင်စိုးအား မကွေးနယ်မြေရဲစခန်း(ပ)၆၇၁/၂၀၁၈၊
ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။Monday, November 26, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment