မကွေး၊ နိုဝင်ဘာလ ၂၇ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်
တောင်တွင်းကြီးမြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
တောင်တွင်းကြီးမြို့၊ မြို့မဈေး အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်အမျိုးသမီး(၁)ဦးအား
တွေ့ရှိရ သဖြင့် ဈေး ကြီးကြပ်ရေးမှူးရုံးသို့ ခေါ်ယူမေးမြန်းခဲ့ရာ ၎င်းမှာ ရှမ်းပြည်နယ်၊
ညောင်ရွှေမြို့၊ အောင်ချမ်းသာရပ်ကွက်နေ မမိုးမိုး၊ ၄၇ နှစ် ဖြစ်ပြီး ၎င်းကိုင်ဆောင်လာသည့်
ဆွဲခြင်းအတွင်းမှ လွယ်အိတ်ဖြင့်ထည့်လျက် မစန်းစန်းဦး အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်ပြား(၁)ခုနှင့်
ငွေစက္ကူ (၁၀၀၀၀)တန် (၁၀၀)ရွက်၊ စုစုပေါင်းငွေကျပ် (၁၀၀၀၀၀၀ိ/-)အား တွေ့ရှိရသဖြင့် စစ်ဆေးရာ
တောင်တွင်းကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်၊ ပုလဲစာပေ စတိုးဆိုင်ရှေ့တွင် ဈေးဝယ်လာသည့်
အမည်မသိအမျိုးသမီးတစ်ဦးထံမှ ခိုးယူလာခဲ့ကြောင်း စစ်ဆေးသိရှိရ သဖြင့် တောင်တွင်းကြီးမြို့၊
မြို့မရဲစခန်း(ပ)၅၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အရေး ယူဆောင်ရွက်လျက် ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment