မကွေး၊ နိုဝင်ဘာလ ၂၇ ရက်
ပခုက္ကူမြို့မရဲစခန်း(ပ)၅၆၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်
၅၄ အမှုမှ တရားခံ စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ၀ါးရုံရွာနေ မျိုးကို(ခ)ရဲကို၊
၁၉ နှစ်နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊
ရန်ပူရပ်ကွက်နေ ကျော်ကျော်ဝင်း၊ ၂၃ နှစ် တို့အား ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ
ရဲအုပ် မျိုးလွင်နှင့်အဖွဲ့မှ သက်သေများနှင့်အတူ အသေးစိတ်စစ်ဆေးရာ ၎င်းတို့သည် ၁၆.၁၁.
၂၀၁၈ ရက်နေ့ညက ရွှေဘိုမြို့ရှိ နေအိမ်တစ်ခုအတွင်းမှ နံပါတ်မပါ ဟွန်ဒါ ကလစ် ၁၂၅ ဖြူ/နက်ကြားရောင်
ဆိုင်ကယ်အား ခိုးယူခဲ့ပြီး ရွှေဘိုမြို့နယ်၊ သက်သာပန်းတောင်း ရပ်ကွက်နေ ကိုကျော်(ခ)ဇင်မင်းလတ်၊
၄၄ နှစ် ထံတွင် ရောင်းချထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၂၆.၁၁.၂၀၁၈ ရက်နေ့
၁၀၃၀ အချိန် ရဲအုပ် မျိုးလွင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ကိုကျော်(ခ)ဇင်မင်းလတ်ထံသို့
သွားရောက်သိမ်းဆည်း ရမိခဲ့သဖြင့် မျိုးကို(ခ)ရဲကိုပါ(၃)ဦးအား ရဲအုပ် မျိုးလွင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်
ပခုက္ကူမြို့၊ မြို့မ ရဲစခန်း(ပ) ၅၆၇၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ ထပ်မံအမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment