Wednesday, November 28, 2018


မကွေး၊ နိုဝင်ဘာလ ၂၇ ရက်
၂၀၁၈ နိုဝင်ဘာလ ၂၇ ရက်နေ့ညတွင် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်မှ မီးလောင်ကုန်းကျေးရွာ အနောက်ဘက်(၃)မိုင်ခန့်အကွာတွင် မသင်္ကာ လူစိမ်း များ တွေ့ရှိကြောင်း သတင်းပေးချက်အရ ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း ဦးစီး တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ည ၁၁ အချိန် မီးလောင်ကုန်း ကျေးရွာ အနောက်ဘက် ဆားတွင်းကွင်း တောစပ်တွင် ခိုးဝင်မွတ်ဆလင်လူမျိုး ကျား(၁၀)ဦး၊ မ(၁)ဦး၊ ပေါင်း(၁၁)ဦး တို့အား စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
ခိုးဝင်မွတ်ဆလင်လူမျိုးများမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပါးရိန်ကျေးရွာနေ ရှိုဘူလာ(ခ) လှမောင်၊ ၂၉ နှစ်၊ ရှိုဘီဟူးဆင်(ခ)ရွှေမောင်သိန်း၊ ၂၇ နှစ်၊ မင်းပြားမြို့နယ်၊ လက်မကျေးရွာနေ နိုရိုမာဟာမောက်၊ ၂၄ နှစ်၊ မူဟာမွတ်ဟူဆွင်၊ ၂၂ နှစ်၊ မူဟာမွတ်စာတစ်၊ ၂၄ နှစ်၊ မင်းပြားမြို့နယ်၊ သာဒီကျေးရွာနေ အဒူမာလစ် (ခ)လှမောင်သိန်း၊ ၄၅ နှစ်၊ မော်နီရာမော့(ခ) ရွှေလှမောင်၊ ၁၄ နှစ်၊ မင်းပြားမြို့နယ်၊ နော်နာကျေးရွာနေ အဒူရာဟတ်(ခ)အောင်ကျော်သိန်း၊ ၁၃ နှစ်၊ မင်းပြားမြို့နယ်၊ နဂါရာပေါက်တောကျေးရွာနေ ဖိုက်ဒူရာ (ခ)မောင်လှမြင့်၊ ၁၄ နှစ်၊ မဆာဒစ်ကာ(ခ) မလှစိန်၊ ၁၉ နှစ်၊ ဆိုတလူဘော်ချော(ခ)မောင်သိန်းရွှေ၊ ၄ နှစ် တို့ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဖမ်းဆီးရမိသည့် မွတ်ဆလင်လူမျိုး(၁၁)ဦးတို့အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီခန့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်ခဲ့ရာ နံနက် ၄ နာရီခန့် ရောက်ရှိပြီး မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး  ထင်အောင်လင်း၏ ကြီးကြပ်မှုဖြင့် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း၊ သတင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကံဝင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မင်းဦး တို့မှ ပူးပေါင်းစစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁၅)ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video