မကွေး၊ ဒီဇင်ဘာလ
၁ ရက်
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲအုပ် မျိုးလွင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့မရဲစခန်း (ပ) ၅၆၄၁/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုမှ တရားခံ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာ ပင်မြို့နယ်၊ ၀ါးရုံရွာနေ မျိုးကို(ခ)ရဲကို၊
၁၉ နှစ် နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ပူ ရပ်ကွက်နေ ကျော်ကျော်ဝင်း၊ ၂၃
နှစ်တို့(၂)ဦးအား စစ်ဆေးရာ ဆိုင်ကယ်ခိုးမှု(၆)မှုကို ဖော်ထုတ် အရေးယူခဲ့ပြီးနောက်
ထပ်မံ၍ ၎င်းတို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းအချိန်ခန့် ကလည်း ပခုက္ကူမြို့ပေါ် ရပ်ကွက်ရှိ
နေအိမ်တစ်အိမ်အတွင်းမှ နံပါတ်မပါ HONDA Click 125 ဖြူ/နံ့သာရောင် ဆိုင်ကယ်အား ခိုးယူခဲ့ပြီး
အရာတော်မြို့နယ်၊ ရွှေတောင်ကျေးရွာ အရှေ့မြောက် ဘက်ရှိ တောထဲတွင် သိမ်းဆည်း ထားကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့၍ ဒီဇင်ဘာလ ၁ ရက်နေ့ မျိုးကို(ခ)ရဲကိုနှင့် ကျော်ကျော်ဝင်းတို့(၂)ဦး အား
ပခုက္ကူမြို့၊ မြို့မရဲစခန်း(ပ)၅၆၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ ထပ်မံအရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment