မကွေး၊ဒီဇင်ဘာလ
၁ ရက်
၂၀၁၈ခုနှစ်၊
နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့် ဦးကျော်လင်း၊ ၄၃ နှစ်၊ ရောင်းဝယ်၊ (ဖ) ဦးသန်းခင်၊
အမှတ်(၂)ရပ်ကွက်၊ ကျောမြို့နေသူသည် ၀ယ်ယူထားသော ဖျံဥများအား စောင့်ကြည့်ရန် အတွက် နေအိမ်နှင့်တွဲလျက်အဖီရှိ ကုတင်ပေါ်တွင် ဇနီး
ဒေါ်လှအေး၊ သား မောင်ကောင်းခန့်ကျော်၊ (၉)နှစ် တို့နှင့်အတူ အိပ်ယာဝင်စဉ် ဒေါ်လှအေးမှ
အလေးချိန် (၃.၃၄) ဂရမ်ရှိ ပလက်တီနမ်သံကြိုးပုံ ဆွဲကြိုး(၁) ကုံး၊ တန်ဖိုး(၁၈၄၀၀၀)ကျပ်၊
(၁.၈၀)ဂရမ်ရှိ ရွှေဒင်္ဂါးနားဆွဲ (၁)ရံ၊ တန်ဖိုး(၁၂၁၀၀၀)ကျပ်၊ (၁)ကျပ်သားရှိ အနီရောင်ရိုးရိုးကျောက်များပါ
ဘယက်ပုံရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုး(၈၀၀၀၀၀)ကျပ် နှင့် ငွေစက္ကူ (၅၅၀၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး
(၆၆၀၅၀၀၀)ကျပ်တို့ ထည့်ထားသော အနက်ရောင် လည်သာ လက်ဆွဲအိတ်အား ဦးကျော်လင်းနှင့် ဒေါ်လှအေးတို့၏
ခေါင်းအုံး (၂)လုံးကြားတွင်ထား၍ အိပ်ယာဝင်ခဲ့ရာမှ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၄ အချိန်ခန့်
အိပ်ယာမှ နိုးပြီး လည်သာ လက်ဆွဲအိတ်အား ကြည့်ရှုရာ မတွေ့ရှိတောသဖြင့် ဒေါ်လှအေးနှင့်အတူ
လိုက်လံရှာဖွေခဲ့ရာ လက်ဆွဲအိတ်အား နေအိမ်ခြံဝန်းတံခါး အနီးတွင်တွေ့ရှိရပြီး အိတ်အတွင်းမှ
ငွေနှင့်ရွှေထည်ပစ္စည်း များမှာ ပျောက်ဆုံးနေခဲ့သဖြင့် ငွေနှင့်ရွှေထည်ပစ္စည်းများ ခိုးယူသူအား
စုံစမ်းဖော်ထုတ်အရေးယူ ပေးရန် ဦးကျော်လင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဂန့်ဂေါမြို့နယ်၊
မြို့မရဲစခန်း(ပ)၃၇၁/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အရေး ယူမှုဖြစ်ပါသည်။
အမှုနှင့်ပတ်သက်၍
အမှုစစ် ရဲအုပ် မျိုးမင်းဝင်းနှင့်အဖွဲ့သည် ပစ္စည်းပျောက်ဆုံးသည့်နေအိမ်သို့
သွားရောက် စစ်ဆေးခဲ့ရာ နေအိမ်ရှေ့ခြံစည်းရိုးအနီးတွင် လွှင့်ပြစ်ခဲ့သည့် သားရေလည်သာ အနက်ရောင်
လက်ဆွဲ အိတ်နှင့် ရွှေထည်ပစ္စည်းများ၏ ဘောင်ချာများ သိမ်းဆည်းရမိခဲ့ပါသည်။
နိုဝင်ဘာလ ၃၀
ရက်နေ့နံနက် ၈ နာရီခွဲခန့်တွင် ကျောမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးစိန်အေး၏ သတင်းပေးချက်အရ ရွာငယ်ဘုန်းတော်ကြီးကျောင်းဝန်းတွင် မသင်္ကာဖွယ် သွားလာ လျက်ရှိပြီး
ယခင်က လည်း ကျေးရွာအတွင်း မုန့်နှင့်ကြက်များ ခိုးယူလျက်ရှိသူ တရားခံ
နိုင်လင်းတိုး၊ ၁၅ နှစ်အား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။
နိုင်လင်းတိုး၏
ပြောပြချက်အရ နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၀ နာရီခန့်တွင် ဦးကျော်လင်းနေအိမ်သို့ ဖျံဥ
ခိုးယူရန်သွားရာမှ ဦးကျော်လင်းတို့လင်မယားအိပ်သည့် ခေါင်းအုံးနှစ်လုံးကြားမှ
အနက်ရောင် အိတ်(၁) လုံးကိုယူကာ အတွင်းရှိ ရွှေထည်ပစ္စည်းများနှင့်ငွေများကို
ယူဆောင်ပြီး အနက်ရောင် အိတ်အား လွှင့်ပြစ် ထားခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ညတွင်
ရွာစွန်ရှိ လူမနေသော နေအိမ် ခြံဝန်းအတွင်း ၀င်ရောက်ကာ အိမ်သာရေသုံးသည့်
မြေအိုးထဲသို့ ရွှေထည်ပစ္စည်းများနှင့် ငွေများကို ထည့်ပြီး အိမ်သာဘေး တွင် မြှပ်နှံထားရှိခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်၍ အမှုစစ်နှင့်အဖွဲ့မှ သွားရောက်သိမ်းဆည်းရမိခဲ့သဖြင့်
နိုင်လင်းတိုးအား တရားစွဲတင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment