၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်နေသူ ဒေါ်ချိုမာသွယ် (၅၁)နှစ် သည် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ (၅)နာရီအချိန်ခန့် နေအိမ်၌ရှိနေစဉ် အရှေ့ပိုင်း ရပ်ကွက်ရှိ ၄င်းပိုင်ဆိုင်သော သံပုရာခြံမှ အစောင့်ဖြစ်သူ မနှင်းရွှေ ရောက်ရှိလာပြီး သံပုရာသီး ဆွတ်ခူး ခိုးယူသူ (၂)ဦးအား တွေ့ရှိထားကြောင်း ပြော၍ သွားရောက်ခဲ့ရာ ခိုးယူသူ(၂)ဦးမှာ ထွက်ပြေးသွားကြသဖြင့် သံပုရာသီးများသာ စုပုံထားရှိသည်ကို တွေ့ရှိရပြီး ခိုးယူသူများမှာ ပွင့်ဖြူမြို့၊ သက်တော်ရှည် ရပ်ကွက် နေသူများဖြစ်ကြသော ဇင်မျိုးအောင် (၂၃)နှစ် နှင့် ၀င်းနိုင်ဦး(ခ)ငလုံး (၂၄)နှစ် တို့ဖြစ်ကြောင်း သိရှိရသဖြင့် သံပုရာသီးများ ဆွတ်ခူးခိုးယူသူ ဇင်မျိုးအောင် နှင့် ၀င်းနိုင်ဦး(ခ) ငလုံး တို့အား အရေးယူ ပေးပါရန် ဒေါ်ချိုမာသွယ်မှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment