Wednesday, October 28, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်ဝေးရပ်နေ ထက်သီတာကို(၁၄)နှစ်သည် ၂၇.၁ဝ.၂ဝ၁၅ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန်ခန့်တွင် ဟန်းဖုန်းတစ်လုံးအား ငွေ ၂ဝ,ဝဝဝိ/-ဖြင့် ကာလတန်ကြေး ထက်လျော့၍ လိုက်လံရောင်းချနေကြောင်းသတင်းအရ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လိုက်လံရှာဖွေရာ မြင်သာရပ်၊ ပြည်တော်သာလမ်း၊ သဘာဝလက်ဘက်ရည်ဆိုင် အနီးတွင်ထက်သီတာကိုအားတွေ့ရှိရပြီး ၄င်းလက်ထဲတွင် SAMSUNG GALAXY GRAD GT- 19082 (ဆင်းကဒ်ပါ) အနက်ရောင်ဖုန်း(၁)လုံးတွေ့ရှိရသဖြင့် မေးမြန်းရာ ဖုန်းအား ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိ၍ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ထက်သီတာကို အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၁၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video