Wednesday, October 28, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်းသည် ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ ပခုက္ကူ ခရိုင်နှင့် ဂန့်ဂေါခရိုင်များအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအထူးရဲ သင်တန်းများ ဖွင့်လှစ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် မကွေးခရိုင်၊ ရေနံချောင်းမြို့၊ မြို့မရဲစခန်းဝန်းတွင် အထူးရဲ သင်တန်းသား ၂၉ ဦး၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းဝန်းတွင် အထူးရဲသင်တန်းသား ၅၉ဦး တို့နှင့် လည်းကောင်း၊ ချောက်မြို့၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ အမှတ် (၂) အပန်းဖြေရိပ်သာတွင် အထူးရဲသင်တန်း သား ၁၀၀ ဦးတို့နှင့်လည်းကောင်း၊ ဆိပ်ဖြူမြို့နယ်အားကစားကွင်းအတွင်း အထူးရဲ သင်တန်းသား ၅၅ ဦး တို့နှင့်လည်းကောင်း တွေ့ဆုံပြီး သင်တန်းပို့ချနေမှု၊ စားရိပ်သာနှင့် သင်တန်း သား အိပ်ဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါ သည်။ ၎င်းမှတစ်ဆင့် ဂန့်ဂေါခရိုင်၊ ဆောမြို့၊ ယောမင်းကြီး ဦးဖိုးလှိုင် ခန်းမတွင် အထူးရဲသင်တန်းသား ၅၈ ဦးတို့နှင့်လည်းကောင်း၊ ကျောက်ထုနယ်မြေရဲစခန်းဝန်းတွင် အထူးရဲသင်တန်းသား ၄၇ ဦးတို့နှင့် လည်းကောင်း ၊ ထီးလင်းမြို့၊မြို့တော်ခန်းမတွင် အထူးရဲသင်တန်း သား ၉၉ ဦးတို့နှင့် လည်းကောင်းတွေ့ ဆုံပြီး သင်တန်းပို့ချနေမှု၊ စားရိပ်သာနှင့် သင်တန်းသားအိပ် ဆောင်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြစ်သာခန်းမတွင် အထူးရဲ သင်တန်းသား ၈၈ ဦး၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းဝန်းတွင် အထူးရဲသင်တန်းသား ၇၉ဦး ၊ ကျောရဲကင်းစခန်းတွင် အထူးရဲသင်တန်းသား ၁၇ ဦးတို့နှင့် တွေ့ဆုံပြီး သင်တန်းပို့ချနေမှု၊ စားရိပ်သာ နှင့် သင်တန်းသား အိပ်ဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အထူးရဲသင်တန်းသား ၉၅ ဦး၊ ရေစကြိုမြို့၊ ဂူကြီးတိုက် ဓမ္မာရာမကျောင်းတွင် အထူးရဲ သင်တန်းသား ၁၄၀ ဦးတို့အား လည်းကောင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းဝန်းတွင် အထူးရဲ သင်တန်းသား ၅၇ ဦး၊ မြိုင်မြို့၊ နံ့သာမြိုင်ခန်းမတွင် အထူးရဲသင်တန်းသား ၉၂ဦး၊ ကိုင်းတောမနယ်မြေ ရဲစခန်းဝန်းတွင် အထူးရဲသင်တန်းသား ၃၉ဦးတို့အားလည်းကောင်း၊ ပေါက် မြို့နယ်၊ ရေပြာကျေးရွာ စာကြည့်တိုက်တွင် အထူးရဲသင်တန်းသား ၉၀ ဦး၊ ပေါက်မြို့မ အားကစားကွင်းတွင် အထူးရဲသင်တန်းသား ၁၂၁ ဦးတို့အားလည်းကောင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မတိုက်နယ် ကျေးရွာ မိုးကုတ်ဝိပဿနာကျောင်းဝန်းတွင် အထူးရဲသင်တန်းသား ၆၅ ဦး၊ မြစ်ခြေတိုက်နယ် ကျေးရွာကဇာတ်ရုံတွင် အထူးရဲသင်တန်းသား ၁၀၄ ဦးတို့အားလည်းကောင်း တွေ့ဆုံပြီး သင်တန်း ပို့ချနေမှု၊ စားရိပ်သာနှင့် သင်တန်းသားအိပ်ဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။ 

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ပရိယတ္တိဗိမာန်တွင် အထူးရဲ သင်တန်းသား ၁၅၅ ဦးအားလည်းကောင်း၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်းဝန်းတွင် အထူးရဲသင်တန်းသား ၈၅ ဦး၊ ဂွေးချိုနယ်မြေရဲစခန်းတွင် အထူးရဲ သင်တန်းသား ၃၀ ဦး၊ ဂွေးပင် နယ်မြေ ရဲစခန်းဝန်းတွင် အထူးရဲသင်တန်းသား ၄၃ဦးတို့အားလည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ ဆားတိုင်ကျေးရွာ ဘုန်းကြီးကျောင်းဝန်းတွင် အထူးရဲ သင်တန်းသား ၆၂ ဦးတို့အား လည်းကောင်း တွေ့ဆုံပြီး သင်တန်း ပို့ချနေမှု၊ စားရိပ်သာနှင့် သင်တန်းသား အိပ်ဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။






































0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video