၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး လူလူသန်းသည် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် (၉)နာရီခွဲအချိန် မှ
နံနက် (၁၁း၅၀)နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊
တောင်တွင်းကြီးမြို့၊ သာသနာ့ဗိမ္မာန်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ၂၀၁၅
ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်ရန်
အထူးရဲ(Special Police) သင်တန်းတွင် တက်ရောက်လျှက် ရှိသော အထူးရဲတပ်ဖွဲ့ဝင်
(၁၂၇)ဦးနှင့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းတွင် သင်တန်း
တက်ရောက် လျက်ရှိသော အထူးရဲ (Special Police) တပ်ဖွဲ့ဝင်(၁၁၆)ဦးတို့နှင့်
တွေ့ဆုံကာ အထူးရဲ တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ ရှင်းလင်းပြော
ကြားခြင်း၊ သင်တန်းပို့ချမှု အခြေအနေနှင့် သင်တန်းသားများ၏
အိပ်ဆောင်နေရာများ၊ ကျွေးမွေးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊
လိုအပ်သည်များ ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment