၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် အောက်တိုဘာလ ၂၈ ရက်နေံ နံနက် (၁၁)နာရီခွဲအချိန်ခန့်တွင် သက်သေများနှင့်အတူ နယ်မြေ သတင်း စုံစမ်းနေစဉ် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ ဘူတာအနီးတွင် တောင်တွင်းကြီး မြို့၊ ရွှေအိုး(၂)ရပ်ကွက်နေသူ အောင်သိန်းဇော်(ခ) ဖိုးကင်း (၂၆)နှစ်အား မသင်္ကာဖွယ် တွေ့ရှိရ ၍ ခေါ်ယူ စစ်မေးရာ ၄င်းသည် Coolpad အမျိုးအစား အနက်ရောင် ဟမ်းဆက် (၁)လုံးအား တောင်တွင်း ကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်နေသူ ဦးအောင်မြင့်ထွန်းထံတွင် ငွေ ၃၀၀၀၀ိ/-ဖြင့် ရောင်းချ ခဲ့ကြောင်း စစ်ဆေးသိရှိရပြီး အဆိုပါ ဟမ်းဆက်နှင့်ပတ်သက်၍ အောင်သိန်းဇော် (ခ)ဖိုးကင်းမှ ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထား မပြသနိုင်သဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ သဖြင့် အောင်သိန်းဇော် (ခ) ဖိုးကင်းအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၂၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment