မကွေး ၊ ဇန်န၀ါရီ ၈ ရက်
၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ထိ မကွေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးရဲနိုင်အဖွဲ့သည် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် အမှတ်(၁၅) ယာဉ်ထိန်းတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်များနှင့်အတူ မကွေးတိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ပါ မော်တော်ယာဉ် ၄ စီးဖြင့် မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ပထ္တမြားဆောင် ခန်းမတွင် ယာဉ်မောင်း လိုင်စင်ပြုလုပ်မှုနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်း၊ ယာဉ်/လမ်း စည်းကမ်းနှင့် မှုခင်းကျဆင်းရေး တို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း များအား ဆောင်ရွက်ခဲ့ရာ သစ်ရာကောက်တိုက်နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ၊ စုစုပေါင်း ၂၈၀ ဦးခန့်မှ လာရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment