Tuesday, January 3, 2017



၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁၀၀ အချိန်တွင် ဂန့်ဂေါမြို့နယ် ၊ မြောက်ခင်ရန်းကျေးရွာနေ ဦးစိုးမင်းသန်း (၂၆)နှစ်သည် ဂန့်ဂေါ-ကလေးကားလမ်း၊ အနောက်ဘက် လမ်းဘေးတွင် ဖွင့်ထားသော CITY MOBILE ဆိုင်သို့ သွားရောက်စဉ် ဆိုင်တံခါးပွင့်နေသည်ကို တွေ့ရှိရာ ဆိုင်အတွင်းရှိ ဟန်းဆက်မျိုးစုံ(၃၄)လုံး၊ ဆင်းကဒ်(၂၀)၊ Power Bank(၄)လုံး၊ စုစုပေါင်း တန်ဖိုး (၂၆၁၂၀၀၀ိ/-)ခန့် ပျောက်ဆုံးနေသည်ကို တွေ့ရှိသဖြင့် စုံစမ်းစဉ် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ၎င်းဆိုင်နှင့် မျက်စောင်းထိုးရှိ မမိချို၏ ဆိုင်ရှေ့အနီးတွင် ပီနံအိတ်ထုပ်(၁)ထုပ်အား ဖွင့်ကြည့်ရာ အိတ်အတွင်း၌ ပျောက်ဆုံးသွားသော ဟန်းဆက်စုစုပေါင်း (၁၃)လုံး၊ စုစုပေါင်းတန်ဖိုး (၈၇၄၀၀၀ိ/-)ပြန်လည်ရရှိပြီး ဟန်းဆက်မျိုးစုံ(၂၁)လုံး၊ ဆင်းကဒ်(၂၀)၊ Power Bank(၄)လုံး၊ စုစုပေါင်း တန်ဖိုး ၁၇၃၈၀၀၀ိ/- မှာ စုံစမ်းရှာဖွေ၍ မရရှိကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်တွင် ဦးစိုးမင်းသန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း(ပ)၁၆၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုရေးဖွင့်ပြီး အမှုစစ် ရဲအုပ် စိုးနိုင်မှ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ အမှုစစ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန် ခန့်တွင် မြောက်ခင်ရန်းကျေးရွာရှိ ``ပညာပန်းအိမ်`` ဘော်ဒါဆောင်မှ ဘော်ဒါအုပ် ဦးရဲအောင်မိုး (၄၆) နှစ်နှင့်အတူ ဘော်ဒါဆောင်တွင် ပညာသင်ကြားလျှက်ရှိသည့် ၎င်းကျေးရွာနေ အောင်သူရကို (၁၉)နှစ် ၊ ဇော်မိုးထွန်း(၁၆)နှစ်၊ သားကို (၁၈)နှစ်၊ မျိုးခိုင် (၁၆) နှစ်တို့အား စစ်ဆေး ခဲ့ရာ ၎င်းတို့မှ ခိုးယူခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး သက်သေခံပစ္စည်း ဟန်းဆက် (၇) လုံးနှင့် Power Bank(၄)လုံးတို့အားအပ်နှံခဲ့သဖြင့် အမှုဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။








0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video