မကွေး ၊ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏စီစဉ်ညွှန်ကြားချက်အရ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန်ထိ ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာ၊ ရွှေမုဋ္ဌောဘုရား အနောက်ဘက်မုခ်ရှေ့နှင့် ဇီးတောကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲ တို့၌ ဆရာ/ဆရာမ ၊ ကျောင်းသား/ကျောင်းသူ၊ ပြည်သူ စုစုပေါင်း(၁၈၀၂)ဦးတို့အား မှုခင်းအသိ ပညာတိုးပွားလာစေရေး အတွက် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည် ပညာပေး ပြသနိုင်ခဲ့ပြီး ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင် များက မှုခင်း ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment