မကွေး
၊ ဒီဇင်ဘာ ၁၄ ရက်
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊
စေတုတ္တရာမြို့နယ်၊ ဖအိုင်းကျေးရွာတွင် ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ ၉ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်တွင်
၎င်းကျေး ရွာနေ ကျောင်း ဆရာမ ဒေါ်လှလှနွဲ့၏ နေအိမ်အပေါ်ထပ်ရှိ သော့ခတ်ထားသောသေတ္တာအတွင်းမှ
လက်ဆွဲဇစ်အိတ် အတွင်း ထည့်ထားသည့် လက်ဝတ်ပစ္စည်း ပေါင်းစုံ ၉ ကျပ်သား
သုံးမတ်သား ခန့်နှင့် ငွေသားသုံးသိန်းကျော် ပျောက်ဆုံး နေကြောင်း စေတုတ္တရာမြို့မရဲစခန်းသို့အကြောင်းကြားသဖြင့်
ရဲတပ်ဖွဲ့ဝင်များမှ အမာခံသတင်း ပေးများနှင့်အတူ သတင်းရယူဆောင်ရွက်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့
ညနေပိုင်းတွင် အခင်းဖြစ် နေအိမ်နှင့်ကပ်လျှက် နေထိုင်သူ စေတုတ္တရာမြို့နယ်၊
ဖအိုင်းကျေးရွာနေ စိုးမိုး (၃၂)နှစ်အား မသင်္ကာသဖြင့် စစ်ဆေးရာမှ တရားခံစိုးမိုးနှင့်အတူ
၎င်း၏နေအိမ်အောက်ထပ် မီးဖိုခန်းအတွင်း မြေကြီးထဲတွင် မြေမြှုပ်ဝှက်ထားသောရွှေထည် လက်ဝတ်ပစ္စည်းမျိုးစုံ အားပြန် လည်တွေ့ ရှိခဲ့သဖြင့် တရားခံစိုးမိုးအား စေတုတ္တရာမြို့မရဲစခန်း (ပ)၁၆၈ /၂၀၁၆
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment