မကွေး ၊ ဒီဇင်ဘာ ၁၃ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်း ပညာ ပေးပြ ခန်း ယာဉ်ဖြင့် ပြည်သူများအား မှုခင်းကြိုတင် ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ဗဟုသုတ တိုးပွားစေရေးအတွက် လှည့်လည်ပြသလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်ထိ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့၊ အမှတ်(၁)/(၂)အခြေခံ ပညာ အထက်တန်းကျောင်း၊ မြို့မဈေး၊ အမှတ်(၃) အခြေခံပညာမူလတန်း လွန်ကျောင်း တို့၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ၊ ပြည်သူ၊ စုစုပေါင်း (၉၁၈)ဦးတို့အား လည်းကောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှ မွန်းလွဲ ၁ နာရီအချိန်ထိ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာရှိ ပြည်သူများအားလည်းကောင်း၊ ညနေ ၃ နာရီအချိန်မှ ၄ နာရီအချိန် ထိ ရေစကြို မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာ အထက် တန်းကျောင်းခွဲရှေ့တွင် ဆရာ/ ဆရာမ ၊ ကျောင်းသား/ကျောင်းသူ၊ ပြည်သူ၊ စုစုပေါင်း (၅၀၀)ဦးတို့အား လည်းကောင်း မှုခင်းကြိုတင် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများအား မှုခင်းပညာပေး ပြခန်းယာဉ်များဖြင့် လှည့်လည် ပညာပေးပြသခဲ့ပြီး တပ်ဖွဲ့ဝင်များမှ မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေ ပေး ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment