Monday, December 12, 2016

မကွေး ၊ ဒီဇင်ဘာ ၁၁ ရက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏စီစဉ်ညွှန်ကြားချက်အရ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၅ နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်လမ်းဆုံနှင့် ရေပြာကျေးရွာ၊ ပုသိမ်-မုံရွာလမ်းဆုံတို့၌ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ဆရာ/ဆရာမ ၊ ကျောင်းသား/ကျောင်းသူ၊ ပြည်သူ၊ စုစုပေါင်း (၉၀၀)ဦး ခန့်အားလည်းကောင်း ၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်အထိ ပေါက်မြို့ပေါ်၊ ရေပြာလမ်းဆုံနှင့် ပုသိမ်-မုံရွာ လမ်းဆုံ တို့တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ၊ ပြည်သူ၊ စုစုပေါင်း (၆၅၀)ဦးခန့်အား လည်းကောင်း မှုခင်းအသိပညာ တိုးပွားလာစေရေးအတွက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင် ယာဉ် အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပညာပေးပြသ ဆောင် ရွက်ခဲ့ပြီး တပ်ဖွဲ့ဝင်များက မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video