မကွေး ၊ ဒီဇင်ဘာ ၈ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းအသိ ပညာပေးပြ ခန်းယာဉ်သည် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၄ နာရီ အချိန်အထိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ရှိ အထကကျောင်း တွင်လည်းကောင်း၊ အနော်ရထာလမ်းနှင့် ရတနာလမ်းဆုံဘောလုံးကွင်းထောင့်တွင်လည်းကောင်း ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းမြင့်ဝင်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ ကျောင်းသူ/သား၊ ပြည်သူ စုစုပေါင်း(၁၇၀၀)ဦးအား မှုခင်းကြိုတင်ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးခြင်း၊ မှတ်တမ်းဓါတ်ပုံပြသူခြင်း၊ ဟောပြောခြင်းများဆောင်ရွက်ခဲ့ကာ တပ်ဖွဲ့ ဝင် များမှ မှုခင်းအသိပညာပေး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ သည်။

0 comments:
Post a Comment