မကွေး ၊ ဒီဇင်ဘာ ၅ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်းအသိ ပညာပေးပြခန်းယာဉ်သည် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်မှ ၁၀ နာရီ ၃၀ မိနစ်အချိန် အထိ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၃)ရပ်ကွက်၊ မြို့မဈေးနှင့် အမှတ် (၂)ရပ်ကွက်၊ တြိဂံလမ်းဆုံတို့တွင် ကံမမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးပိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ ပြည်သူစုစုပေါင်း(၁၀၀)ဦး အား မှုခင်းကြိုတင်ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးခြင်း၊ မှတ်တမ်းဓါတ်ပုံများနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းလာမှု အပေါ်ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကာ တပ်ဖွဲ့ဝင်များမှ မှုခင်းအသိပညာပေး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းနောက် နံနက် ၁၁ နာရီအချိန် အဆိုပါယာဉ်သည် ကံမမြို့မှ ကြို့ပင်ကျေးရွာသို့ ထွက်ခွာခဲ့ပြီး ကြို့ပင်ကျေးရွာလမ်းဆုံတွင် မွန်းလွဲ၁၂ နာရီခွဲအချိန်မှ ၂ နာရီအချိန်အထိ ကြို့ပင်နယ်မြေရဲစခန်းမှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များမှ မှုခင်းအသိပညာပေးခြင်းနှင့် ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးခြင်း များ ဆောင်ရွက်ခဲ့ပြီး မင်းတုန်းမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment