Sunday, December 4, 2016

မကွေး ၊ ဒီဇင်ဘာ ၄ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ပိုင် ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်း အသိပညာပေးပြခန်းယာဉ်သည် ပြည်သူ များအား မှုခင်း ကြိုတင် ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် ဗဟုသုတတိုးပွားစေရေးအတွက် လှည့် လည်ပြသ လျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ အချိန်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်အထိ မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက် မြို့၊ ပြည်တော်အေးရပ်ကွက်၊ အမှတ် (၄၄) ခြေလျင်တပ်ရင်းနှင့် ထုံးတောင် အုပ်စုရှိ ဘိလပ်မြေစက်ရုံဓမ္မာရုံတို့တွင် သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များ မှ ပြည်သူစုစုပေါင်း(၂၉၀)ဦး၊ စစ်သည်များနှင့် မိသားစုများအား မှုခင်းပညာ ပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပညာပေးပြသခဲ့ပြီး မှုခင်းကြိုတင် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ အား ဆောင်ရွက်ခဲ့ကာ တပ်ဖွဲ့ဝင်များမှ မှုခင်းအသိပညာပေး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

အဆိုပါ မှုခင်းအသိပညာပေးပြခန်းယာဉ်သည် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန် သရက်မြို့နယ်မှ ကံမမြို့နယ်သို့ ထွက်ခွာခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်အချိန် တွင် ကံမမြို့နယ်၊ ရေနံ့သာကျေးရွာ သို့ ရောက်ရှိခဲ့ပြီး ၎င်းကျေးရွာနေ ပြည်သူ (၁၀၀) ဦးခန့်အား ကံမမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ၀င်းတင် ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ထိ မှုခင်းအသိ ပညာပေးခြင်းနှင့် ယာဉ်/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကံမမြို့မရဲစခန်းဝန်း အတွင်း ညအိပ် ရပ်နားလျှက်ရှိကြောင်း သတင်းရရှိသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video