မကွေး ၊ ဒီဇင်ဘာလ ၂ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ပိုင်ယာဉ်အမှတ် 3H/3726 Nissan (၁၀)ဘီး မှုခင်း အသိပညာပေးပြခန်းယာဉ်သည်
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန် တွင် အောင်လံမြို့မရဲစခန်းမှ
ထွက်ခွာလာရာ အောင်လံမြို့နယ်၊ ဒုရင်္ဂင်္ဗိုလ်နယ်မြေရဲစခန်းအပိုင် ကသစ် ကန်ကျေးရွာ၊
အလယ်တန်းကျောင်းသို့ နံနက် ၉ နာရီ ၁၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အချိန်ထိ
ရောက်ရှိခဲ့ပြီး ဆရာ/မ၊ ကျောင်းသား/သူ (၃၀၀)ဦးနှင့် ပြည်သူ(၁၅)ဦးတို့အား
လည်းကောင်း၊ ကျီရပ်ကုန်းကျေးရွာ အထက် တန်းကျောင်းသို့ ၁၁ နာရီ ၃၀ မိနစ်အချိန်မှ နေ့လည် ၁၂ နာရီ ၃၀
မိနစ်အချိန်ထိ ဆရာ/မ၊ ကျောင်းသား /သူ (၅၀၀)ဦးနှင့် ပြည်သူ(၁၅)ဦးမှ လာရောက်ကြည့်ရှုခဲ့ပြီး
ဒုရင်္ဂင်္ဗိုလ်နယ်မြေရဲစခန်းမှူး ရဲအုပ်သန်းစိုးဝင်း ဦးစီးသည့်
တပ်ဖွဲ့ဝင်များမှ ယာဉ်/လမ်းစည်းကမ်း ဆိုင်ရာများ၊
မှုခင်း ဖြစ်စဉ်များ၊ မူးယစ်တားဆီးနှိမ် နင်းရေး၊ လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့်
ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ပြီှး လက်ကမ်းစာစောင်များ
ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment