မကွေး ၊ ဒီဇင်ဘာ ၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မှုခင်းများနှင့်ပတ်သက်၍ ပြည်သူများ အသိပညာတိုးပွားပြီး ဆောင် ရန်/ ရှောင်ရန်များကို သိရှိရန်နိုင်ရန် ဟောပြောပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ပညာပေး လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိနှ် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေး များ၊ စုစုပေါင်းအင်အား (၁၂၀)ဦးခန့်အား ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဆန်းမြင့် နှင့် တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအန္တရာယ်၊ သက်ငယ် မုဒိမ်းမဖြစ်ပွားစေရေးနှင့် မှုခင်းကျဆင်းရေးများ နှင်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment