မကွေး ၊ ဇန်န၀ါရီ ၁၁ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မကွေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူး သိန်းသန်းဦး ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များမှ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်မှ ၈ နာရီ ၃၀ မိနစ် အချိန်ထိ နတ်မောက်မြို့မဈေးအရှေ့ဘက်တွင် ဒေသခံပြည်သူ ၁၅၀ ဦးခန့် အား လည်းကောင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် နံနက် ၉ နာရီအချိန်မှ ၁၁ နာရီ ၃၀ မိနစ်အချိန်အထိ ဆရာ/မများ၊ ကျောင်း သား/သူများ၊ ကျေးရွာသူ/သားများ၊ စုစုပေါင်းအင်အား ၇၂၀ ဦးအားလည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်မှ ၂ နာရီ ၃၀ မိနစ်အချိန် အထိ နတ်မောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆရာ/မများ ၊ ကျောင်း သား/သူများ၊ ကျေးရွာသူ/သားများ၊ စုစုပေါင်းအင်အား ၁၀၅၀ ဦးအားလည်းကောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဉ်/လမ်း စည်းကမ်းနှင့် မှုခင်းကျဆင်းရေးတို့နှင့်ပတ်သက်၍ အသိပညာ ၊ပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment