Thursday, January 19, 2017

မကွေး ၊ ဇန်န၀ါရီ ၁၈ ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မကွေး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်း ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များမှ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီ ၃၀ မိနစ် အချိန်ထိ မကွေးမြို့၊ မြို့မအိုးဘိုရပ်၊ မဲထီးလမ်းရှိ တွဲဘက်အခြေခံပညာ အထက်တန်း(မြို့မ)ကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ၃၀၀ ဦးခန့်အား မှုခင်းကျဆင်းရေးနှင့်၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ပညာပေးဟောပြောခြင်း၊ ယာဉ်/လမ်းစည်းကမ်းတို့နှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။ 
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video