မကွေး ၊ ဇန်န၀ါရီ ၁၉ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မကွေး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်း ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များမှ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ ၁၂ နာရီအချိန်ထိ မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာ အခြေခံ ပညာအထက်တန်း ကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူများ ၊ ကျေးရွာသူ/သားများ၊ စုစုပေါင်းအင်အား ၅၁၀ ဦး ခန့်အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပညာပေးဟောပြော ခြင်း၊ မှုခင်းကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်း တို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း များ ဆောင်ရွက်ခဲ့ပြီး တပ်ဖွဲ့ဝင် များမှ ယာဉ်/လမ်းစည်းကမ်းနှင့် မှုခင်းအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment