မကွေး ၊ ဇန်န၀ါရီ ၂၂ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပြည်သူများအား မှုခင်းကြိုတင်ကာကွယ် တားဆီး ရေးလုပ်ငန်းများ တွင် ဗဟုသုတတိုးပွားစေရေးအတွက် လှည့်လည်ပြသလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ထိ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာနှင့် ဓာတ်ကုန်းကျေးရွာတို့၌ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များမှ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၆၀၀)ဦး တို့အားလည်းကောင်း၊

ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်ထိ မင်းဘူး မြို့နယ် ၊ ကျောက်တန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အိမ်ယာ အခြေခံပညာ အထက် တန်းကျောင်း ခွဲနှင့် မယ်ဘေ့ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ တို့၌ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များမှ ဆရာ/ဆရာမ၊ ကျောင်းသား/သူ၊ ပြည်သူ၊ စုစုပေါင်း(၁၇၈၇)ဦးတို့အား လည်းကောင်း မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းကြိုတင် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ် ရေး အသိပညာပေးခြင်းလုပ်ငန်းများအား မှုခင်းပညာပေးပြခန်းယာဉ်များဖြင့် လှည့်လည်ပညာပေး ဟောပြောပြသခဲ့ပြီး တပ်ဖွဲ့ဝင်များမှ မှုခင်းအသိ ပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment